Tuesday, April 22, 2014

ကိုဟိန်းထက်ဇော်(ခ)ကိုကျော်လွင် ရုတ်တရက် ကွယ်လွန်

ရေးသားသူ — ရန်နိုင်ထွန်း



  ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင်
အသက်(၄၀) နှစ်
(၂၁ ၊ ၄ ၊ ၂၀၁၄) တနင်္လာနေ့ ည( ၁၁နာရီ ၂၀) မိနစ်တွင် ကွယ်လွန်သည်။

အင်ချွန်း မြို့(Incheon City ) ဆောလ်ဂု (Seo-Gu ) ဖုခမ်းရို (Bukhang – Ro)၀မ်ချမ်းဒေါင်(Won Chang Doung) ၇၆-၅၂ တွင်တည်ရှိသည့် ဟန်လင်:(HAN LIM) သစ်စက်ရုံတွင် ထိုနေ့ ည ၇နာရီ ၁၅ မိနစ် အချိန်တွင် အထပ်သား သစ်သားဖြတ်စက်(CNC) ပေါ်တွင် ထု ၁၅ မီလီ အနံ ၁၂၂၀ မီလီ အလျား ၂၄၄၀ မီလီ ဆိုဒ်ရှိသည့် အထပ်သား တစ်ချပ်ကို ဖြတ် တောက်နေစဉ် ဖြတ်စက်မှ ထွက်လာသော ပို လျှံ သစ် သားဒေါင့် စွန်းနှင့် အနောက်ရှိ သစ်သားတင်ထားသည့် သံဘောင်ဘားတန်းတို့ အကြား ရင်ညွန့်နှင့် ကြားမှ ခံထား လိုက်သကဲ့သို့ မမျှော်လင့်ပဲ ညှပ်ဖိ တွန်းကန်လိုက်ခြင်းဒဏ်ကို ခံလိုက်ရပြီး အဆိုပါ ပြင်းထန်သည့် ဒဏ်ကြောင့် ရင်တွင်းရှိ အသည်းနှင့် အတွင်းအစိတ်အပိုင်း အချို့ထိခိုက်ခဲ့ရပါသည်။

ဖြစ်လျင်ဖြစ်ခြင်း အရေးပေါ်ဌာန ၁၁၉ ကို ဖုံးဆက်ခေါ်ကာ အင်ချွမ်း International ST.MARY’S Hospital ရှိ အရေးပေါ် အထူးလူနာဌာနတွင် အလျှင်အမြန် ဆေးဝါးကုသမှုကို ရရှိစေရန် ကြိုးစားသော်လည်း ရင်တွင်းရရှိထားသော အတွင်းကြေ ဒဏ်ရာမှ ကိုယ်တွင်းသွေးစိမ့်ယိုအား များပြားသဖြင့် ဆရာဝန်များမှ ခွဲစိတ်ကုသနိုင်ရန်အတွက် အစားထိုးရန် လိုအပ်နေသည့် သွေးမှာ အလွန်တရာ ရှားပါးသည့် RH(-) သွေးအမျိုးအစား ဖြစ်နေသဖြင့် သွေးရရှိရန် ကိုရီးယားနိုင်ငံ အတွင်း စုံစမ်းသောအခါ လိုအပ်သည့် သွေးမမာဏထက် မဖြစ်သလောက် သွေးသာရှာဖွေနိုင်ခဲ့ပြီး ထို RH(-) သွေးအမျိုးအစားသည် အာရှတိုက်ထဲမှာ အလွန်ရှားပါးတဲ့ သွေးအမျိုးအစား ဖြစ်ပြီး မိသားစု သွေးအမျိုးအစားဖြစ်သဖြင့် ကိုရီးယားနိုင်ငံ ရောက် မြန်မာ နိုင်ငံ သားများ ကို Face Book မှ ဆက်သွယ် အကူအညီ တောင်းသောလည်း ရှာ မတွေ့နိုင်လောက်အောင် ရှားပါးနေသဖြင့် အမြန်ခွဲစိတ်နိုင်ရန်ကိစ္စရပ်မှာ မအောင်မြင်နိုင်ခဲ့ချေ။ အကယ်၍ သွေး အဆင်ပြေကာ ခွဲစိတ်နိုင်ပါကလည်း အသက်ရှင်နိုင်စေရေးအတွက် အဖြေမှာ ရာခိုင်နူန်း အား အလွန်နည်းပါးနေသည့် အခြေ အနေတွင် တည်ရှိနေသဖြင့် ပြင်းထန်စွာရရှိထားသည့် အတွင်းကြေဝေဒနာကို သက်သာအောင်အစွမ်းကုန် ပြုစု စောင့်ရှောက်နေရင်း ထိုနေ့ည ဒေသစံတော်ချိန် ည ၁၁နာရီ ၂၀ မိနစ် အချိန်တွင် ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် တစ်ယောက် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် ကြွင်းကျန်သည့် ရုပ်ကလပ်ကို International ST.MARY’S Hospital ရှိ အအေးခန်းတွင် ထားရှိထားပြီး ကိုရီးယား ပြည်သူ့ ရဲအဖွဲ့၏ သေမှုသေခင်း စစ်ဆေးချက် ပြီးဆုံးပါက ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရားကျောင်းဝင်းအတွင်းရှိ အအေးခန်းသို့ ပြောင်းရွေ့ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကွယ်လွန်သူ၏ ဇနီး၊သမီးနှင့်အတူ ညီမ ဖြစ်သူတို့ ကိုရီးယားနိုင်ငံသို့ ရောက်လာသည့် အချိန်အထိ စောင့်ဆိုင်းကာ တနင်္ဂနွေနေ့ တစ်ရက်ရက်တွင် ဖူပြောင်းသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ် မည်ဖြစ်ပါသည်၊။

အသေးစိတ် အခြေအနေ အရပ်ရပ်ကို သိလိုပါက
ရန်နိုင်ထွန်း
၀၁၀-၈၇၂၃-၄၇၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

No comments: