Wednesday, April 23, 2014

၂၇ရက်နေ့မှာ ဆုလည်းတောင်းမယ် ဆန္ဒလည်းပြမယ် မြန်မာအင်အားလည်းပြကြမယ်

ရေးသားသူ — စိုးမိုးသူ
ကမ္ဘာ့အလုပ်သမားနေ့အကြို ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲကို
စီစဉ်ထားသည့်အတိုင်း ၂၇ရက်နေ့ နေ့လယ် ၂နာရီ တွင် ဆိုးလ်မြို့ 보신각ရှေ့တွင် ကျင်းပသွားပါမယ်။
သို့သော် မကြာမီက ဖြစ်ပွားခဲ့တဲ့ သင်္ဘောမှောက်မှုကြောင့် ကိုရီးယားပြည်သူများ ပူဆွေးသောကရောက်နေကြတာကြောင့် ဆန္ဒပြပွဲ အသွင်အား ဆုတောင်းပွဲအသွင်သို့ ပြောင်းလဲ ကျင်းပသွားပါမည်။
ဆန္ဒပြပွဲတွင် သေဆုံး ပျောက်ဆုံးနေသူများအတွက် ဆုတောင်းခြင်း ဆုတောင်းတေးသီဆိုခြင်းတို့အား ပြုလုပ်ပြီးနောက် ရွှေ့ပြောင်းအလုပ်သမားများရဲ့ ဆန္ဒပြပွဲအား ကျင်းပသွားမည်ဖြစ်ပါတယ်။

============
အလိုရှိပါတယ် (၁)
============
ဆန္ဒပြပွဲတွင် နိုင်ငံပေါင်းစုံမှ လာသည့် အီးနိုင်းရွှေ့ပြောင်းအလုပ်သမားများမှ မိမိတို့ လုပ်ငန်းခွင်အခြေအနေများ(လစာမရ၊ ထွဲဂျိဂွန်မရ၊ လူ့အခွင့်အရေးချိုးဖောက်ခံရ စသည်)အား စင်ပေါ်တက်ရောက် ပြောကြားသည့် အစီစဉ်ရှိပါတယ်။
လက်ရှိ မြန်မာမှ လွဲပြီး တက်ရောက်ပြောကြားမယ့် အခြားနိုင်ငံသားများ စာရင်းရရှိထားပြီး ဖြစ်ပါတယ်။
ထို့ကြောင့် အီးနိုင်းမြန်မာနိုင်ငံသား အလုပ်သမားများထဲမှ မိမိနှင့် ရွှေ့ပြောင်းအလုပ်သမားတရပ်လုံးအတွက် ပြုပြင်သင့်သည့် အီးပီအက်စ် စနစ်အကြောင်း ၃မိနစ်ခန့် တက်ရောက်ပြောကြားပေးမယ့် သူအား အလိုရှိနေပါတယ်။
တက်ရောက်ပြောကြားပေးနိုင်မယ့်သူ အနေဖြင့် ကျနော့်ထံ အကြောင်းကြားနိုင်ပါတယ်။
============
အလိုရှိပါတယ် (၂)
============
ထို့ပြင်
နှစ်စဉ် ဆန္ဒပြပွဲသို့ တက်ရောက်သည့် နိုင်ငံခြားသားအလုပ်သမားများ အနက်  အနည်းဆုံး တက်ရောက်သော  မြန်မာအလုပ်သမားဦးရေအား တိုးမြင့်ပေးမည့် တာဝန်သိ မြန်မာအလုပ်သမားများအားလည်း ဖိတ်ကြားပါတယ်။
ကျင်းပမည့်အချိန် ။ ။         ၂နာရီ
လာရမယ့်နေရာ  ။  ။    မြေအောက်ရထားလိုင်းအမှတ် ၁  종각역 ထွက်ပေါက်၎ အနီးရှိ 보신각ရှေ့
                    
လူစုမည့်နေရာနှင့်အချိန်  ။ ။  ၁နာရီ ၃၀မိနစ်(ထွက်ပေါက် ၄)    
ဆက်သွယ်ရန်။ စိုးမိုးသူ(ဆန္ဒပြပွဲ အခမ်းအနားမှူး) 010-7155-6581
လမ်းမေးသည့် ဖုန်းအား နေ့လယ် ၁နာရီ ၄၅မိနစ်ထိသာ လက်ခံဖြေကြားပေးပါမည်။

လာရမည့် ရထားဘူတာပြ မြေအောက်ရထားလိုင်းမြေပုံ

                

No comments: