Wednesday, April 23, 2014

ကုသိုလ်ပြု အမျှဝေရန် ဖိတ်ကြားစာ

မိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်-

အမေ ဒေါ်စောသင် အသက် ၉၃ နှစ်သည် ၂၀၁၄ ဧပြီ ၂၂ ရက်နေ့ ညနေ ၆း၃၀ နာရီက ရန်ကုန်မြို့ နေအိမ်၌ ဘ၀တပါးသို့ ပြောင်းရွေ့ကွယ်လွန်သွားပါသည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဧပြီ ၂၃ ရက်နေ့ နံနက် ၁၁ နာရီက ရေဝေးသုသာန်တွင် ကောင်းမွန်စွာ သဂြုင်္ိင်္ိဟ်ပြီးစီးပါသည်။

ကွယ်လွန်သူ အမေ ဒေါ်စောသင်အား ရည်စူး၍ ဘုရားအမှူးပြုသော သံဃာတော်တို့အား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ကောင်းမွန်စွာ ဆက်ကပ်လှူဒါန်းပြီး၊ ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို အမေနှင့်တကွ ဝေနေယျသတ္တ၀ါ အပေါင်းအား အမျှပေးဝေမည် ဖြစ်ပါသည်။

အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည့် အမျှဝေအလှူပွဲသို့ အတူတကွ ကြွရောက်၍ ကောင်းမှုနုဘော် သာဓုခေါ်ဆိုနိုင်ကြပါရန် မိတ်ဆွေအများအား လေးစားစွာ ဖိတ်ကြားအပ်သည်။

နေ့ရက်= ၂၀၁၄ ဧပြီ ၂၇ ရက်နေ့
နေရာ= ဘူဖျောင်းမြို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
စီအစဉ်=
နံနက် ၇း၀၀ နာရီ - အရုဏ်ဆွမ်းကပ်
နံနက် ၉း၃၀ နာရီ - တရားနာ အမျှဝေ

ကြွရောက်လာသူများကို မုန့်ဟင်းခါးဖြင့် လှူဒါန်းဧည့်ခံပါမည်။

ဝင်းပေါ်မောင်+မာလာရွှေ
သမီး စုမြတ်မောင် မိသားစု

No comments: