Friday, July 25, 2014

ဓမ္မဒူတ (ကိုရီးယား) ၂၀၁၄ နွေရာသီအပမ်းဖြေခရီး ခရီးစဉ် (၃) ခု ထွက်မည်

ဓမ္မဒူတ (ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ နှင့်အတူ ၂၀၁၄ နွေရာသီအပမ်းဖြေခရီး ခရီးစဉ်(၃) ခု ထွက်ရန်စီစဉ်ထားပါကြောင်းနှင့် ခရီးစဉ်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ကြေငြာအပ်ပါသည် -

ခရီးစဉ် (၁) ။ ဇူလိုင်လ ၂၆-၂၇ (စနေ၊တနင်္ဂနွေ)
သွားမည့်နေရာ။ ကမ္ဘာကျော် ဂန်ဝေါန်ဒို ၊ ယန်ယန်ကမ်းခြေ နတ်ဆန်ဆာ (낙산사)
ဘူဖြောင်းမှ နံနက် ၇ နာရီတွင် စတင် ထွက်ခွါမည်ဖြစ်ပြီး ၊ ရည်မှန်းချက်နေရာမှ နောက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ဘူဖြောင်းသို့ ပြန်လည်ထွက်ခွါလာပါမည် ။

ခရီးစဉ် (၂) ။ သြဂုတ်လ ၂-၃ (စနေ၊တနင်္ဂနွေ)
သွားမည့်နေရာ။ ကမ္ဘာကျော် ဟဲအွန်ဒဲ ဘူဆန် ကမ်းခြေ (부산,해운대)
ဘူဖြောင်းမှ ည ၁၂ နာရီတွင် စတင် ထွက်ခွါမည်ဖြစ်ပြီး ၊ ရည်မှန်းချက်နေရာမှ ၊ နောက်နေ့ ညနေ ၆ နာရီအချိန်တွင် ဘူဖြောင်းသို့ ပြန်လည်ထွက်ခွါလာပါမည် ။

ခရီးစဉ် (၃) ။ သြဂုတ်လ ၁၅-၁၆ (သောကြာ၊စနေ)
သွားမည့်နေရာ။ ကမ္ဘာကျော် ဆုတ်ချိုပင်လယ်ကမ်းခြေ(속초해수욕장)
ဘူဖြောင်းမှ နံနက် ၇ နာရီတွင် စတင် ထွက်ခွါမည် ။ ကမ္ဘာကျော် ဆောရတ်ဆန် (설악산) အလှကိုကြည့်ရှုလှည့်လည်ပြီး ၊ တောင်ခြေရှိ သမိုင်းဝင် မဟာဗုဒ္ဓရုပ်ပွါးတော်(대불)ကို ကြည်ညိုကာ ၊ ၄င်း မှ တစ်ဆင့် ရည်မှန်းချက်နေရာသို့ သွားရောက်ပါမည် ။ ရည်မှန်းချက်နေရာမှ နောက်နေ့ ညနေ ၇ နာရီအချိန်တွင် ဘူဖြောင်းသို့ ပြန်လည်ထွက်ခွါလာပါမည် ။

လိုက်ပါလိုသူများ ခရီးစဉ်တစ်ခုချင်းအတွက် ၊ တစ်ဦးလျင် ခရီးစရိတ် (သွား / ပြန် ယာဉ်စရိတ်) ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားပြီး ၊ 010-4626-7571 (Sagawar) ထံ ယာဉ်နေရာများ ကြိုတင်မှာကြား ရယူနိုင်ပါသည် ။

ယခင်နှစ် များမှ အတွေ့အကြုံများ အရ ၊ နွေရာသီပိတ်ရက်မတူညီကြခြင်း ၊ သွားရောက်လိုသည့် နေရာ မတူညီကြခြင်း ၊ ယာဉ်ကြော ပိတ်ဆို့ခြင်းကြောင့် ခရီးသွားမိတ်ဆွေတို့၏ အဖိုးတန် အားလပ်ချိန်များ အလဟဿ ဖြစ်စေခြင်း ၊ ပိတ်ရက်ကာလ တည်းခိုရန် နေရာ အခက်အခဲ စသည်တို့ မရှိစေရန် ဝင်ထွက်ရန် အချိန် နှင့် နေရာတို့ကို စနစ်တကျ တွက်ချက် ရွေးချယ်စီစဉ်ထားပါသည် ။

အထူးမှတ်ချက်
ဓမ္မဒူတ (ကိုရီးယား) ဝေယျာဝစ္စအဖွဲ့ဝင်လူငယ်များ နှင့် အကျိုးတော်ဆောင် အဖွဲ့ဝင်များအား အခမဲ့ လိုက်ပါခွင့်ပြုမည်ဖြစ်ပါသဖြင့် လိုက်ပါလိုသူများ မိမိတို့ လိုက်ပါလိုသည့် ခရီးစဉ်ကို ကြိုတင်စာရင်းပေးကြပါရန် ။

ထပ်မံသိလိုသည်များကို ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်များထံ မေးမြန်းနိုင်ပါသည် ။

မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
ရက်စွဲ ၂၀၁၄-၀၇-၀၇

No comments: