Sunday, July 6, 2014

Hana Pay - Easy စနစ်ဖြင့် အာရှအထူး ငွေလွှဲ ၀န်ဆောင်မှု အကြောင်းကို ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက်တွင် ဟောပြောမည်

 မြန်မာနိုင်ငံသို့ Hana Pay - Easy စနစ်ဖြင့် အာရှအထူး ငွေလွှဲ ၀န်ဆောင်မှု လုပ်ငန်းအကြောင်းကို Hana Bank မှ မြန်မာဝန်ထမ်း မဆုထက်အောင် မှ ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက်တွင် ဇူလိုင်လ(၆) ရက် တနင်္ဂနွေနေ့ ညနေ(၃) နာရီတွင် လာရောက်ကာ ဟောပြောမည် ဖြစ်ပါသည်။

အဆိုပါ Hana Pay - Easy စနစ်ဖြင့် မြန်မာနိုင်ငံသို့ KBZ Bank, AYA Bank ဖြင့် အလွယ်ကူဆုံး ၊ အသက်သာဆုံး ၊ အလျင်မြန်ဆုံး ငွေလွှဲနိုင်မည့် အကြောင်းကို ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပါသည်။ Hana Pay - Easy စနစ်ဖြင့် ငွေလွှဲနိုင်ရန် ပထဦးစွာ Hana Bank Account  ပြုလုပ်ရန် လိုအပ်ပါသည်။ 

အဆိုပါ Hana့ Bank Account ကို နက်ဖြန် ဟောပြောပွဲတွင် တစ်ခါတည်း ပြုလုပ်ပေးမည် ဖြစ်ပါသည်။ 
Hana Bank Account ပြုလုပ်လိုသူများ  Passport (ပတ်စ်ပို့စ်), Alien Registration Card (နိုင်ငံခြားသားကဒ်)ယူလာခဲ့ရပါမည်။

ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်း ဟောပြောပွဲသို့ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မရှင်းလင်းသည်များကိုလည်း Hana Bank မှ ၀န်ထမ်း မဆုထက်အောင် ကို ပြန်လည် မေးမြန်းနိုင်ပါသည်။

နေ့ရက် ........... ၆-၇-၂၀၁၄ (တနင်္ဂနွေနေ့) 
အချိန် ............  ညနေ (၃း၀၀) နာရီ
နေရာ ............  ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက်

ဆက်သွယ်ရန် ......ကိုဇော်မင်း (၀၁၀-၅၉၄၆-၆၆၉၄)




No comments: