Saturday, September 6, 2014

ကိုရီးယားနိုင်ငံ Gimhae မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ Asia Food Festival ကျင်းပမည်








ကိုရီးယားနိုင်ငံ  Gimhaw မြို့တွင် ပထမဆုံး အကြိမ် ရွှေ့ပြောင်းအလုပ်သမားများ၏  Asia Food Festival ပွဲတော်ကို စက်တင်ဘာလ (၉) ရက်နေ့ နေ့လည် (၂) နာရီ မှ ညနေ (၅) အထိ Gimhae ဈေး လမ်းဆုံ အနီးတွင် ကျင်းပမည်ဖြစ်ပါသည်။ 

အဆိုပါ ပွဲတော်ကျင်းပနိုင်ရေး အတွက် နီပေါ ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ ၊ ဘင်္ဂလာဒေရှ် ၊ ပါကစ္စတန် နိုင်ငံပေါင်း (၆) နိုင်ငံမှ ရိုးရာ အစားအစားများကို ပြသသွားမည် ဖြစ်ပါသည်။

Korea Immegrant Network  ကို Gimhae မြို့တွင် ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါသည်။

ယခု ပွဲတော် ကျင်းရခြင်း၏ ရည်ရွယ်ချက်မှ Gimhae မြို့တော်သူ/သားများ နှင့် ရွေ့ပြောင်းအလုပ်သမားများ ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြစေရေး ၊ အာရှ ယဉ်ကျေးမှုများ နှင့် ကိုရီးယား ယဉ်ကျေးမှုတို့ ဖလှယ်နိုင်ကြစေရေး တို့ဖြစ်ပါသည်။ 

ပွဲတော်သို့ လာရောက် သူများကို  တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပါသည်။ 

Busan ၊ Gimhae အနီးအနားရှိ ရွှေမြန်မာညီအကိုများ လာရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ........  ၉-၉-၂၀၁၄ (အင်္ဂါနေ့)
အချိန်   ........ နေ့လည်(၂း၀၀) နာရီ မှ  ညနေ (၅း၀၀) နာရီ အထိ
နေရာ   ........ Gimhae ဈေး လမ်းဆုံ အနီး

No comments: