Thursday, April 9, 2015

ကတ်ဖုန်းများ အသက်ကတ်ဖြည့်ခြင်းကို ဘဏ်မှတစ်ဆင့် ဖြည့်တဲ့နည်း

အချို့သော ကတ်ဖုန်းကိုင်ဆောင်သူများမှာ ၊ မိမိကိုင်သောဖုန်းသည် -
- ဘယ်လိုင်းဆိုတာ မသိ ၊
- အသက်ကတ်ဘာကတ် ဖြည့်ရသလဲဆိုတာလဲ မသိ ၊
- ဘယ်လိုဖြည့်ရ (နှိပ်ရ) သလဲဆိုတာဝေလာဝေး ၊
- အသက်ကတ် ဘယ်မှာ ဝယ်သလဲဆိုတာလဲ မသိ ၊
- ကိုရီးယားတွေမေးကြည့်တော့လည်း ကတ်ဖုန်းဆိုတာ နားမလည် ၊
- သည်လိုနှင့် ဖုန်းနံပတ်တွေ ခဏခဏပြောင်း ၊ ကတ်ဖုန်းစိတ်ပျက် လိုင်းဖုန်းကိုင်ရ ၊ အချို့လိုင်းဖုန်း ဘီလ်တွေ သိန်း ဆယ်ချီဆောင်ကြရ ။

အဲသည်အခက်အခဲ ရှိသူတွေအတွက် ၊ ဘဏ်(စာရင်း)မှ တစ်ဆင့် ဖုန်းကတ်ဖြည့်နည်းလေး တင်ပြပေးချင်ပါတယ် ။
- ဖုန်းတိုင်း (လိုင်းဖုန်းဖြစ်ဖြစ် ၊ ကတ်ဖုန်းဖြစ်ဖြစ်) မှာ (가산계좌/ Virtual Account) လို့ခေါ်တဲ့ စာရင်းရှင်းအကောင့် (လယ်ဂျာစာရင်း) တစ်ခုစီရှိကြပါတယ် ။ အမည်ပေါက် ဖုန်းပိုင်ရှင်ရဲ့ အမည်နှင့်ပဲ ရှိနေတာပါ ။ ကျနော်တို့ ထည့်လိုက်တဲ့ ကတ်ဖိုး (ပိုက်ဆံ)ဟာ အဲသည် စာရင်းထဲပဲ ရောက်ပြီး ၊ ကျနော်တို့ သုံးလိုက် (ပြောလိုက်) တဲ့ (ပိုက်ဆံ)ဟာလည်း အဲသည် စာရင်းထဲကပဲ ထွက် (နှုတ် ၊ လျှော့) သွားတာပါ ။
- သည်တော့ အဲသည် အကောင့်နံပတ် အမှန်ကို သိထားပြီဆိုရင် အဲသည်အကောင့်ထဲ ပိုက်ဆံရောက်အောင် ကိုယ်တိုင်ဖြစ်စေ ၊ အခြားသူတစ်ယောက်ယောက်ကဖြစ်စေ တစ်နည်းနည်းဖြင့် လွှဲထည့်လိုက်ရုံနှင့် ဖုန်းအသက်ကတ်ဖြည့်ပြီးဖြစ်တယ်လို့ သိထားကြစေချင်ပါတယ် ။
- ဖုန်းကတ် ဝယ်ဖို့ ၊ ဖြည့်ဖို့အခက်အခဲဖြစ်နေပါသလား ။ မိတ်ဆွေရဲ့ ဖုန်းနံပတ်နှင့် စာရင်းရှင်းအကောင့် (가산계좌/ Virtual Account) ကို တောင်းယူလိုက်ပါ ။ သက်ဆိုင်ရာ ဖုန်းလိုင်းရဲ့ Access နံပတ်သိရင် အလိုအလျောက်ဖြေကြားတဲ့စနစ်ဖြင့်လည်း တောင်းယူနိုင်ပါတယ် ။ နောက် အဲ သည်အကောင့်ထဲ မိတ်ဆွေ ပိုက်ဆံ ဖြည့်ချင်သလောက်သာ လွဲထည့်လိုက်ပါ ။ ပိုက်ဆံ လွဲပြီးတာ နှင့် ဖုန်းကတ်ဖြည့်ပြီး ဖြစ်သွားပါကြောင်း ။

အားလုံး အဆင်ပြေကြပါစေ ။

လေးစားမှုဖြင့်-
တယ်လီတော်ကီ မြန်မာဖုန်းဆိုင်
၂၀၁၅-၀၄-၀၉

ကြော်ငြာ = အမှန်တကယ် အခက်အခဲရှိသူများ တယ်လီတော်ကီထံ အကူအညီ ရယူနိုင်ပါကြောင်း

No comments: