Saturday, May 9, 2015

Smart Banking App ဖြင့် နိုင်ငံခြားငွေပို့နည်း

Smart Banking App ဖြင့် နိုင်ငံခြားငွေပို့နည်း
(၁) Google Playstore မှ Woori Global Banking ကို install လုပ်ပါ။ ထို့နောက် မိမိ ဘဏ်အကောင့် လုံခြုံရေးအတွက် V3 Mobile PLUS 2.0 ကိုပါ တစ်ပြိုင်တည်း install လုပ်ရန် လိုအပ်ပါသည်။ Woori Global Banking app ဖွင့်လိုက်ပါက ကြိုက်နှစ်သက်ရာ ဘာသာစကားအား ရွေးခိုင်းလိမ့်မည်။ ရွေးပြီးပါက OK နှိပ်ပါ။



(၂) appကို ဖွင့်ပြီး Log in ကို နှိပ်ပါ။ ထို့နောက် ID/PW ကို နှိပ်ပါ။ ID နေရာတွင် လျေက်လွှာဖြည့်စဉ် internet banking အတွက် မိမိ ပေးခဲ့သည့် အက္ခရာနှင့် ဂဏန်းပူးတွဲကို ဖြည့်ပါ။ ထို့နောက်      ပေးထားသော password ဂဏန်း ခြောက်လုံးကို ဖြည့်ပါ။ ထို့နောက် လုံခြုံရေးအရ ထို passwordအား တစ်ခါပြောင်းရန် လိုအပ်ပါသည်။ new password တွင် အက္ခရာနှင့် ပူးတွဲ စုစုပေါင်း ၆လုံးမှ ၁၀လုံးအတွင်း ရေးရပါမည်။ confirm တွင် ထို password အား ပြန်နှိပ်ပါ။



(၃) ထို့နောက် certificate center သို့ သွားပါ။ Issue/ Reissue Certificate ကို နှိပ်ပါ။ 
၃(က) STEP 1 တွင် သဘောတူညီချက်များ ပေါ်လာပါမည်။ အောက်ဆုံးတွင် မိမိ၏ ID နှင့် နိုင်ငံခြားသားမှတ်ပုံတင်အမှတ်အား ဖြည့်ပြီး agree ကို နှိပ်ပါ။ 



၃(ခ) STEP 2 တွင် အောက်ဆုံးသို့ သွားပြီး agree ကို နှိပ်ပါ။ 


၃(ဂ) STEP 3 တွင် မိမိ၏ ID နှင့် နိုင်ငံခြားသားမှတ်ပုံတင်အမှတ်အား ဖြည့်ပါ။ Security card password များအား ဖြည့်သွင်းရန် အောက်ဖော်ပြပါ ကဒ်ပြား အသုံးပြုရန် လိုအပ်ပါသည်။ နမူနာအားဖြင့် 33 ဟု ရေးထားပြီး ရှေ့ဂဏန်း နှစ်လုံးအား ဖြည့်သွင်းရန် လိုအပ်သည်ဟု ပြထားပါက 4 နှင့် 3 ကို ဖြည့်ရန် လိုအပ်ပါသည်။ 06 ၏ နောက်ဂဏန်း နှစ်လုံးအား ဖြည့်သွင်းရန် လိုအပ်သည်ဟု ပြထားပါက ကဒ်ပြားတွင် ရေးထားသည့်အတိုင်း 1 နှင့် 1ကို ဖြည့်သွင်းရန် လိုအပ်သည်။ Security card serial number သည် ကဒ်ပြား၏ အပေါ်ညာဘက်ထောင့်တွင် ရေးထားသော ဂဏန်းများဖြစ်သည်။ နမူနာအားဖြင့် ပထမမြောက်၊ ဒုတိယမြောက်နှင့် စတုတ္ထမြောက် ဂဏန်းများအား ရေးရန် လိုအပ်ပါက အစီအစဉ်အလိုက် ကြည့်ပြီး တစ်လုံးစီ ဖြည့်ပါ။ ထို့နောက် confirm ကို နှိပ်ပါ။ 


၃(ဃ) STEP 4 တွင် မိမိ၏ ဘဏ်စာအုပ်အကောင့်အား ဖြည့်ပါ။ ထို့နောက် PIN number နေရာတွင် ဘဏ်စာအုပ် password ဂဏန်း ၄လုံးအား ရေးပါ။ Phone number တွင် မိမိ၏ ဖုန်းနံပါတ်ရေးပြီး ဖုန်းနံပါတ်မရှိပါက 해당사항 없음 တွင် အမှန်ခြစ်ပါ။ ထို့နောက် မိုဘိုင်းဖုန်းနံပါတ်အား ရေးပါ။ အီးမေးလိပ်စာရေးပါ။ မရှိပါက 해당사항 없음 တွင် အမှန်ခြစ်ပါ။ ပြီးလျှင် confirm ကို နှိပ်ပါ။ 




၃(င) STEP 5 တွင် အချက်အလက်များ မှန်မမှန် ပြန်စစ်ပါ။ ထို့နောက် certificate new password တွင် အရင် login password အသစ်ပြောင်းစဉ်က password အား ကြိုက်နှစ်သက်ရာ သင်္ကတတစ်ခု ထပ်ဖြည့်ရေးပါ။ confirm တွင် ထို password အား ပြန်ရေးပါ။ OK ကို နှိပ်ပါ။ certificate ရပြီဖြစ်ကြောင်း မက်ဆေ့ရောက်လာလိမ့်မည်။ 




(၄) မိမိ ဘဏ်အကောင့်၏ လက်ရှိ ငွေပမာဏအား ကြည့်ချင်လျှင် Inquiry သို့ သွားပြီး Account Inquiry ကို နှိပ်ပါ။ နိုင်ငံခြားငွေလွှဲချင်ပါက Transfer သို့သွားပါ။ 

Transfer တွင် မိမိ၏ ဘဏ်စာအုပ်အကောင့်အား ရေးပါ။ PIN number တွင် password ဂဏန်း ၄လုံးအား ရေးပါ။ Deposit account တွင် မိမိ ငွေလွှဲမည့် ဘဏ်အမည်ရွေးပြီး ဘေးတွင် ဘဏ်အကောင့်ရေးပါ။ မြန်မာနိုင်ငံသို့ လွှဲမည်ဆိုပါက အူရီဘဏ် နိုင်ငံခြားငွေလွှဲစာအုပ်တွင် ပါသော အကောင့်နံပါတ် ရေးရမည်ဖြစ်သည်။ ထို့နောက် ပို့မည့် ငွေပမာဏအား ရေးပါ။ ကျန်သည့်အချက်များ ရေးရန် မလိုဘဲ အောက်ဆုံးတွင် OK နှိပ်ပါ။














No comments: